Your generosity is greatly appreciated and will provide direct support to those who are fighting for democracy and freedom in Myanmar.

Freedom Tattoo Campaign သို့ ကမ္ဘာ့နေရာ အနှံမှ တိုက်ရိုက်လှူဒါန်းနိုင်ပါရန် NUG Pay account နှင့် Spring Development Bank Account များကို တင်ပေးထားပါတယ်ခင်ဗျာ... Donation Certificate များကို ရယူနိုင်ရန်အတွက် အလှူငွေလှူဒါန်းသည့်အခါ တွင် Note နေရာ တွင် အလှူရှင်အမည်နှင့် certificate ပြန်ပေးပ်ု့ရန် email လိပ်စာများထည့်ပေးကြပါရန် မေတ္တာရပ်ခံပါတယ်ခင်ဗျာ။ Note တွင် အချက်အလက်များမထည့်မိကလည်း အောက်တွင် ပါရှိသည့် link မှတဆင့် ပြန်လည် တောင်းခံနိုင်ပါသည်


  • Date: 10/30/2023 08:00 PM - 6/3/2024 08:00 PM
  • Location Online Event

Description

Support through one of our Freedom Tattoo Campaign’s International Fundraisers Lists 

MORE UPDATES HERE at Freedom Tattoo Campaign page:

အမေဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် Kim Aris ကိုယ်တိုင် ဦးစီးတဲ့ Freedom Tattoo for Burma Aid Campaign လေးကို စတင်လိုက်ပါပြီ။
💰နိုင်ငံတကာ ရံပုံငွေရှာဖို့ Sone Yay Foundation အနေနဲ့ United States ရဲ့ Fund Raiser အဖြစ် တတ်နိုင်တဲ့ တထောင့်တနေရာကနေ အားဖြည့်ပြီး ပါ၀င်ကူညီထားပါတယ်။

ℹ️ Campaign Duration: 30.Oct.2023 to 03.Dec.2023 (EXTENDED until December 3rd, 2023) followed by an Auction on beautiful art pieces by Kim and Kyar Pauk from December 22, 2023 till Jan 3, 2024. 


ℹ️ (Go Fund Me page link): https://gofund.me/3af0d9d6

ℹ️ Official fundraisers (in progress): https://aidtoburma.my.site.com/s/official-fundraisers
Sone Yay is one of them for US donors: https://tinyurl.com/soneyay


ℹ️ About the Freedom Tattoo Campaign
(Details Below)

• Freedom Tattoo • လို့ အမည်ပေးထားတဲ့ Campaign ကို Kim Aris က ဦးဆောင်ပါတယ်။

🎖️ဒီ Campaign ဟာ ...
* လက်ရှိ စစ်ဘေးရှောင် နှစ်သန်းကျော် အတွက် အရေးပေါ် အသက်ကယ် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့၊
* နိုင်ငံတဝှမ်းက လူဦးရေ သန်းနှစ်ဆယ်ကျော်ရဲ့ လိုအပ်ချက်တွေအတွက် လူသားချင်း စာနာထောက်ထားမှု ရန်ပုံငွေ ရရှိဖို့၊
* မတရားဖမ်းဆီးခံထားရသူ အကျဉ်းသားတွေရဲ့ မိသားစုတွေကို ထောက်ပံ့ကူညီနိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။ 

🎖️Campaign ရဲ့ ပထမခြေလှမ်းကတော့ Kim ကိုယ်တိုင် ဦးဆောင်စီစဉ်တဲ့ နဂါးရုပ် တက်တူး ထိုးဖို့ပါ။ Kim ဟာ စနေသားတစ်ယောက် ဖြစ်တဲ့အတွက် နဂါးရုပ်ကို ရွေးချယ်တာ ဖြစ်တယ်။

🐉 နဂါးဟာ အကာအကွယ်ပေးနိုင်စွမ်းရှိပြီး ဉာဏ်ပညာ ကြီးမြတ်မှု၊ ငြိမ်းချမ်းရေးနဲ့ စည်းလုံးခြင်းတို့ရဲ့ သင်္ကေတ ဖြစ်တယ်လို့ Kim က ပြောပြပါတယ်။

❤️ အဲဒီနဂါးရုပ်ရဲ့ အောက်မှာ မိမိတို့ ချစ်ခင်နှစ်သက်သူ တဦးရဲ့ နာမည်လည်း ရေးထိုးနိုင်ပါတယ်။ သူကတော့ နာမည်ကျော် မြန်မာ့ရိုးရာ လက်ဝှေ့ ချန်ပီယံ တူးတူးရဲ့ အမည်ကို ရေးထိုးမယ်လို့ သိရတယ်။

လက်ဝှေ့ ချန်ပီယံ တူးတူးဟာ ပြီးခဲ့တဲ့ ဧပြီလထဲမှာ အထိန်းသိမ်းခံရပြီး ထောင်တွင်း မတရား ညှင်းပန်းနှိပ်စက်မှုဒါဏ်ကြောင့် အသက်ဆုံးပါးခဲ့ရသူ ဖြစ်တယ်။ သူ့ရဲ့ မိသားစုက ဆုံးပါးကြောင်း သတင်းကို အချိန်အတော်ကြာမှ ကြားသိရပြီး ရုပ်အလောင်းကို မြင်တွေ့ခွင့် မရခဲ့ပါဘူး။
တူးတူး (နဂါးမာန်) ဟာလည်း စနေသားတစ်ယောက် ဖြစ်လို့ ဒီ နဂါးရုပ်နဲ့ လိုက်ဖက်သူ ဖြစ်တယ်။ ဒါကြောင့် Kim က နဂါးရုပ် တက်တူးနဲ့ အတူ တူးတူးနာမည်ကိုပါ မြန်မာဘာသာနဲ့ ရေးထိုးမှာ ဖြစ်တယ်လို့ သိရပါတယ်။

⏭️ Campaign ရဲ့ နောက်ခြေလှမ်းတစ်ခုကတော့ အဲဒီ နဂါးရုပ် ပုံနဲ့ တီရှပ် / ခေါင်းဆောင်းပါတဲ့ အနွေးထည် (hoodie) တွေ ထုတ်ဝေ ရောင်းချမယ့် အစီအစဉ်ဖြစ်ပါတယ်။ Website / Application နဲ့ Facebook page တွေက တဆင့် Pre-order အရင်ကောက်မှာ ဖြစ်သလို နိုင်ငံအလိုက် သတ်မှတ်ထားတဲ့ Fundraiser တွေဆီမှာလည်း pre-order တင်ပြီး မှာယူနိုင်မှာ ဖြစ်ပါတယ်။ အသေးစိပ်ကို ထပ်ကြေငြာပါ့မယ်။ 

ℹ️ (ဖြည့်စွက်) နိုင်ငံတကာ ရံပုံငွေရှာတဲ့ နိုင်ငံအလိုက် အဖွဲအစည်း နဲ့ အုပ်စုတွေကနေလဲ အားပေးလို့ရပါတယ်။
😍 Sone Yay Foundation ဆီက အားပေးချင်ရင် အမြန်ဆုံးလေး  inbox လိုက်ပါနော် ...
ℹ️ Official fundraisers (in progress) : https://aidtoburma.my.site.com/s/official-fundraisers
ℹ️ နောက်တစ်ခုကတော့ တက်တူးမထိုး / တီရှပ်မဝယ်ပဲ ရန်ပုံငွေ ပါဝင်ခြင်းနဲ့လည်း ဒီ campaign ကို ပံ့ပိုးကူညီပေးနိုင်ပါတယ်။ ကမ္ဘာ့နိုင်ငံ အသီးသီးကနေ အလွယ်တကူ ပါဝင်နိုင်ဖို့ GoFundMe ကို စီစဉ်နေပါတယ်။

EDITED with the deadline extension
🎖️ဒီ Campaign ဟာ မြန်မာ community တွေကိုသာမက Non-Burmese community တွေပါ သတိပြုမိပြီး ပါဝင်နိုင်ဖို့ ရည်ရွယ်ပါတယ်။
Campaign နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို Sone Yay Foundation ရဲ့ Page https://tinyurl.com/soneyay မှာ ရေးသွားမှာ ဖြစ်သလို ℹ️ Freedom Tattoo Campaign - Official Facebook page https://www.facebook.com/freedomtattoocampaign မှာလည်း သွားဖတ်ကြည့်နိုင်ပါတယ်။


မိတ်ဆွေ သူငယ်ချင်းများ အားလုံး Kim ဦးဆောင်တဲ့ အခုအစီစဉ်မှာ ပါဝင်ပေးဖို့ ကြိုတင်အသိပေး ဖိတ်ခေါ်ပါရစေ။ 
အသေးစိတ် အချက် လက် များ ကို campaign ရဲ့ chat box မှာ မေး နိူင် သလို messenger မှာ လည်း မေး မြန်း နိုင် ပါတယ်။
အားလုံး တတ်နိုင်တဲ့အပိုင်းတွေကနေ ဝိုင်းဝန်းအားဖြည့် ပံ့ပိုးပေးကြပါဦးနော်။

😻 Credit to all organizers for this campaign pitch and promo items.


 All of our on going programs are free to the public. 

If you are interested in supporting our dance program or any of our current projects, please email us at soneyayfoundation@gmail.com or contact@soneyayfoundation.org for more information. Thank you for your kind inquiry and offers. Our Sone Yay Foundation is committed to support to provide essential health items, legal and meal assistance to those affected by military regimes, and to support the families of those who have been tortured, imprisoned, and killed in a conflict.